CNG ဆိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှုမရှိစေရန်ဓာတ်ငွေ့များ ပိုမိုအင်အားဖြည့်တင်းပေးထား

0
271

ရန်ကုန်မြို့ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များတွင် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရမှု လျော့နည်းစေရန်အတွက်ဓာတ်ငွေ့များကို ယခင်ထက် ပိုမိုအင်အားဖြည့်တင်းပေးထားကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်သုံးသဘာဝဓာတ်ငွေ့ဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်သတင်းဌာနတွင် ဖြေကြားထားသည်။

လက်ရှိတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် ရခိုင်ပြည်နယ်မှ ထွက်သည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့တွေကို အင်အားဖြည့်တင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ညောင်တုန်း-မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့နယ်မြေနှင့် ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတို့တွင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည့်အတွက် CNG ဖိအား လျော့ကျမှုများ ဖြစ်ပေါ်သည့်အတွက် ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်သုံးသဘာဝဓာတ်ငွေ့ဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်သတင်းဌာနတွင် ဖြေကြားထားသည်။

လက်ရှိတွင် ညောင်တုန်း – မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့နယ်မြေနှင့် ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတို့မှာ ပုံမှန်ပြန်ဖြစ်နေပြီး လိုအပ်ပါက ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းများက ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကိုပါ ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် အင်အားဖြည့်တင်း အသုံးပြုရန် နိုင်ငံတော်က ခွင့်ပြုထားကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပိုက်လိုင်းများနှင့် သွယ်တန်းပြီး ရောင်းချပေးသည့် CNG အရောင်းဆိုင် (၃၅) ဆိုင်၊ တွဲကားများနှင့် ရောင်းချပေးသည့် CNG အရောင်းဆိုင် (၆) ဆိုင် စုစုပေါင်း (၄၁) ဆိုင်ရှိသည့်အနက် ဆိုင် (၄၀) တွင် နေ့စဉ် မနက် (၅)နာရီမှ ည (၁၀) နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးနေကြောင်း သိရသည်။

YBS အစီးရေ (၂၉၀၀) ကျော် နှင့် Taxi ယာဉ် ၊ Minibus ယာဉ် နှင့် အခြား CNG ဓာတ်ငွေ့သုံးယာဉ် (၂၅၀၀၀) ကျော် စုစုပေါင်း ယာဉ်အစီးရေ (၂၈၀၀၀)စီးကို CNG ဓာတ်ငွေ့ ကုဗပေ (၁၉) သန်းဝန်းကျင် နေ့စဉ်ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here