မြန်မာ့အားကစားကျဆင်းရခြင်းမှာ မျိုးဆက်သစ် ခါးပြတ်မှုကြောင့်ဖြစ်ကြောင်း အားကစားဝန်ကြီး ပြော

0
229

မြန်မာ့အားကစားလောက တိုးတက်အောင်မြင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့အားကစားကျဆင်းရခြင်းမှာ မျိုးဆက်သစ် ခါးပြတ်မှုကြောင့်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံမှ ပြောကြားခဲ့သည်။

သြဂုတ် (၅) ရက် နေ့လယ် (၁) နာရီခွဲက ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပခဲ့သည့် မြင်းစီး အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

“အောင်မြင်မှု ရရှိဖို့ဆိုရင် အကောင်းမြင်ဝါဒနဲ့ ကြည့်ရှုဆောင်ရွက်မှသာ ခရီးပေါက်မှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့ ပေါင်းစပ်ဆောင်ရွက်ရန်လိုပါမယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အားကစားနည်းပေါင်းစုံရဲ့ ကလပ်အသင်းတွေ ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် အားကစားအဖွဲ့ချုပ်များသည် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၏ လုပ်ဖော်ကိုင်ဖက်များအဖြစ် ခံယူထားသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒု- ဥက္ကဋ္ဌ နှင့်အဖွဲ့ချုပ်အကြံပေး၊ရန်ကုန်မြင်းစီးအသင်း၊(AAA)မြင်းစီးကလပ်၊ကြည်သာအေးမြမြင်းစီးကလပ်၊ Gallop Myanmar မြင်းစီးကလပ်အသင်းနှင့်ရှမ်းပြည်နယ်မြင်းစီးအသင်းတို့မှ တာဝန်ရှိသူများ၊ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here