ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မနက်ဖြန် မိုးသည်းထန်စွာရွာမည်

0
261

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား ကောင်းနေ၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မနက်ဖြန် မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ (၇) ရက် မိုးလေဝသ အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ် (၆) ရက်ညနေ (၄)နာရီက ထုတ်ပြန် သတိပေးထားခြင်း ဖြစ်သည်။

မနက်ဖြန် ဩဂုတ်လ (၇) ရက်တွင် စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် မန္တလေးတိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလက အသိပေးထားသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ်သည်းထန်စွာ ရွာသွန်းနိုင်ပြီး ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊နေပြည်တော်၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း အသိပေးထားသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ တစ်နာရီလျင် (၃၅)မိုင်မှမိုင်(၄၀)အထိ မိုးသက်လေပြင်းများတိုက်ခတ်ကာ အမြင့်(၈)ပေမှ(၁၂)ပေခန့်အထိ လှိုင်းကြီးမှုများဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here