အမြန်လမ်းတွင် အိမ်စီးကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရောက်ရှိတိမ်းမှောက် ၄ ဦးဒဏ်ရာရ

0
320

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် သြဂုတ် ၆ ရက် (ယနေ့)မွန်းလွဲပိုင်းက အိမ်စီးကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၀၂/၃ နှင့် ၃၀၂/၄ ကြားတွင် TOYOTA CAMI ကားသည် နောက်ညာဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်သီးကုန်းအမြန်လမ်းမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား မိတ္ထီလာပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here