ကျောက်မဲမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအ တွင်းသို့ TNLA အဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ကာ သေနတ်များဖြင့်ပစ်ခတ်၍ ဝန်ထမ်း ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရ

0
290

ရှမ်းပြည်နယ်၊ကျောက်မဲမြို့၊အမှတ်(၁)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ TNLA အဖွဲ့ဝင်များမှ သြဂုတ် ၆ ရက်နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ကာ သေနတ်များဖြင့်ပစ်ခတ်ခဲ့၍ ဝန်ထမ်း ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က TNLA အဖွဲ့ဝင်များသည် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ Pajero ကားဖြင့် ပင်လုံလမ်းမကြီး၏မြောက်ဘက်မှရောက်ရှိလာကာ အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံး တစ်လုံးဖြင့်ပစ်ပေါက်ကာ သေနတ်များဖြင့်ပစ် ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခဲ့မှုကြောင့် ဝန်ထမ်း ၂ ဦးသေဆုံးကာ ဝန်ထမ်း ၅ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား ကျောက်မဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအနီးတစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများနှင့်ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here