မြန်မာ အလုပ်သမားများ လိုက်ပါလာသည့်ကား ဓာတ်တိုင်ဝင်တိုက်တိမ်းမှောက်၍ (၆) ဦးသေဆုံးကာ (၁၄) ဦးဏ်ရာရမှု ထိုင်းတွင်ဖြစ်ပွား

0
178

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်ကျွန်း၊ ထောင်းစာလာ-ချလုပ်လန်သွား ကားလမ်းတွင် သြဂုတ် (၆) ရက်နံနက်ပိုင်းက မြန်မာအလုပ်သမားများ လိုက်ပါလာသည့်ကားသည် ဓာတ်တိုင်ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများ လိုက်ပါလာသောကားသည် ထောင်းစာလာ-ချလုပ်လန်သွား ကားလမ်း၏ ကုန်းဆင်းအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမား (၃) ဦးသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး (၃) ဦးမှာ ကော့ဖငန်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးသွားခဲ့သဖြင့် သေဆုံးသူ (၆) ဦးရှိခဲ့ကာ (၁၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ (၁၄) ဦးသည် ကော့ဖငန်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူများမှလည်း လိုအပ်သည့် ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here