ပါကစ္စတန်တောင်ပိုင်း၌ ရထားလမ်းချော်၊ လူ ၂၈ ဦးသေဆုံးဟုဆို

0
242

ကရာချီ၊ဩဂုတ် ၆

ပါကစ္စတန်နိုင်ငံတောင်ပိုင်း၌ အမြန်ရထားလမ်းချော်မှုကြောင့် ၂၈ ဦး ထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါအမြန်ရထားပေါ်၌ ခရီးသည် ၁,၀၀၀ ခန့်လိုက်ပါလာပြီး ရထားလမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း လမ်းကိုစစ်ဆေးကြည့်ရာ၌ အမှားအယွင်းတစ်စုံတစ်ရာမတွေ့ရကြောင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

လမ်း၌အပြစ်မတွေ့ရသော်လည်း ယခုမတော်တဆမှုသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်သော်လည်းကောင်း၊အဖျက်အမှောင့်လုပ်ငန်းများကြောင့်သော်လည်းကောင်းဖြစ်နိုင်သည်ဟုလည်းဆိုသည်။

မတော်တဆမှုကြောင့်ဒဏ်ရာရရှိသူများအား ကုသနိုင်ရန်အတွက် ဒေသတွင်းရှိဆေးရုံများ၌ အရေးပေါ်အခြေနေကြေငြာထားရပြီး ဒဏ်ရာရသူများအား အကောင်းဆုံးကုသပေးနိုင်ရန်လည်း ဆရာဝန်များအသည်းအသန်ကြိုးစားနေရသည်ဟုဆိုသည်။

၂၀၂၁ ခုနှစ်ကလည်း ပါကစ္စတန်၌ ရထားမတော်တဆမှုဖြစ်ခဲ့သေးကာ အနည်းဆုံး လူ ၆၅ ဦးသေဆုံးခဲ့ပြီး ၁၅၀ ခန့်ဒဏ်ရာရခဲ့သည့်ဖြစ်စဥ်လည်းဖြစ်ခဲ့ဖူးကြောင်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here