တွဲဆိုင်း (၁၂) ဆိုင်း ပါဝင်သည့် မျိုးဆက်သစ်အောင်လံလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

0
155

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကာ တွဲဆိုင်း (၁၂) ဆိုင်းပါဝင်သည့် မျိုးဆက်သစ်အောင်လံလက်ဝှေ့ပြိုင်ပွဲအား 360 FKGHT CLUB အမည်ဖြင့် 360 Sports မှ စီစဉ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မျိုးဆက်သစ်အောင်လံလက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ လာမည့် သြဂုတ် (၁၂) ရက်မွန်းလွဲ (၂)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ၏ ၅၄-၅၇ ကီလိုတန်းတွင် ရှိုင်းထူး (STL) နှင့် ဗျာလ (Python)၊ ဒေါင်းသတ္တိ (ဒေါင်းမြန်မာ) နှင့် အောင်ရဲနိုင် (Power Punch)၊ စောကဲဒို (Hoy Power) နှင့် ကစောထူး(ရိုးရာကျား)၊ အားမာန် (ရာဓိရာဇ်)နှင့် ထူးစေးဝါး (ရွှေဖူး)တို့က ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

ထို့ပြင် ၆၀-၆၃ ဒသမ ၅ ကီလိုတန်းတွင် ဂေါဒိုထူး (ရိုရာကျား) နှင့် တမာကျား (Smart Fight)၊ ဂေးဒို (STL) နှင့်သားလက်သီး (ရွှေမအူပင်)၊ စောဘီလူး (Power Punch) နှင့် ဝင်းဗိုလ် (ရာဇဓိရာဇ်)၊ လောကွားဒူး (တော်ဝင်ရိုးရာ) နှင့် ညီရဲခန့် (YFC) တို့က ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

၆၇-၇၁ ကီလိုတန်းတွင်လည်း အာကာဖြိုး (Tiger Gy)နှင့်စောကဲ (YFC)၊ အောင်ကိုမင်း(နဂါးမာန်)နှင့် မိုက်မိုက် (ရွှေ မအူပင်)၊ ဇော်သက်နောင် (Knight) နှင့် ကျော်ဇေလတ် (ထွန်းထွန်းမင်း)၊ ဂေါ်ထူးဂေး (ရိုးရာကျား)နှင့် မြတ်သူ (ကျားဘုရင်)တို့က ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here