အိမ်နီးချင်းနိုင်ငံများက စစ်ရေးဝင်ရောက်စွက်ဖက်မည်စိုးရိမ်သည်ဟုဆိုကာ နိုင်ဂျာအာဏာသိမ်းအစိုးရက နိုင်ငံလေပိုင်နက်ကို ပိတ်လိုက်

0
223

အိမ်နီးချင်းနိုင်ငံများထံမှ စစ်ရေးဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်မှုကြောင့်ဟုဆိုကာ နောက်ထပ်ကြေညာချက် တစ်စုံတရာမထုတ်မချင်း နိုင်ဂျာနိုင်ငံ၏ လေပိုင်နက်ကို အာဏာသိမ်းအစိုးရက ပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

တနင်္ဂနွေနေ့က နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ယင်းကြေညာချက်ကို ဖတ်ကြားရာတွင် “နိုင်ငံခြားနိုင်ငံတစ်ခု”က နိုင်ဂျာကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု သတင်းရရှိထားကြောင်း လက်ရှိအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပျံသန်းမှုခြေရာခံဝဘ်ဆိုဒ် Flightradar24 တွင်လည်း နိုင်ဂျာနိုင်ငံ၏ ကောင်းကင်ယံ၌ လက်ရှိတွင် လေယာဉ်များ မရှိကြောင်း ပြသနေသည်။

နိုင်ဂျာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း နိုင်ငံကို ကာကွယ်ရန် အသင့်ဖြစ်နေပြီဟု လက်ရှိအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နိုင်ဂျာသမ္မတ မစ္စတာ Bazoum သည် ဇူလိုင် ၂၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သမ္မတကိုယ်ရံတော်တပ်မှူး ဗိုလ်ချုပ်ကြီး Abdourahmane Tchiani က မိမိကိုယ်မိမိ နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ကြေငြာခဲ့သည်။

စစ်အာဏာသိမ်းမှုအား ယခင် ကိုလိုနီအာဏာရှင်ဟောင်း ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့အပြင် ကုလသမဂ္ဂနှင့် အမေရိကန်တို့အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here