ဖူကူရှီးမားရေဆိုးများကို ဩဂုတ်လကုန်ပိုင်းမှစ၍ နည်းနည်းချင်းထုတ်လွှတ်ရန်စီစဥ်‌နေဟုဂျပန်ဆို

0
344

တိုကျို၊ဩဂုတ် ၇

ဂျပန်အစိုးရသည်ဆူနာမီ‌ဘေးသင့်နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေများကို ပြန်လည် သန့်စင်ပြီး သြဂုတ်လနှောင်းပိုင်းတွင် စတင်ထုတ်လွှတ်တော့မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများကတနင်္လာနေ့တွင်ဖော်ပြခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၊တောင်ကိုရီးယားသမ္မတယွန်း‌ဆော့ယော်တို့၏ အမေရိကန်၌တွေ့ဆုံမှုအပြီးတွင် သန့်စင်ထားသောရေတန်ချိန် ၁ ဒသမ ၃ သန်းခန့်ကိုထုတ်လွှတ်သည့် လုပ်ငန်းစဉ်ကိုစတင်မည်ဖြစ်ကြောင်း ဂျပန်နေ့စဉ်သတင်းစာကဖော်ပြခဲ့သည်။

‌အဆိုပါရေဆိုးထုတ်လွှတ်ခြင်းအစီအစဉ်သည် ဆယ်စုနှစ်သုံးခုမှလေးခုအထိကြာမြင့်နိုင်မည်ဟုမျှော်လင့်ထားကြသည်။

အဆိုပါရေဆိုးထုတ်လွှတ်မှုအစီအစဉ်နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှကန့်ကွက်မှုများရှိခဲ့သော်လည်း ဇူလိုင်လတွင် IAEA က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါရေများသည်အဏ္ဏဝါသတ္တဝါများအတွက်ထိခိုက်မှုမဖြစ်နိုင်ကြောင်းဂျပန်ကဆိုသည်။

၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လူအသေအပျောက်များသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများဖြစ်ပေါ်ကာ ကြီးမားသောလှိုင်းလုံးများက ဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံကိုပျက်စီးစေပြီး နျူကလီယားအရည်ပျော်မှုကိုလည်းဖြစ်စေခဲ့သည်ဟုဆိုသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here