တောင်ပြုံးပွဲတော်ကို ယခုလအတွင်း (၈) ရက်ကြာ ကျင်းပမည်

0
473

မြန်မာနိုင်ငံ၏ ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယုံကြည်သူအများအပြား လာရောက်လေ့ရှိသည့် တောင်ပြုံးပွဲတော်ကို ဩဂုတ်လ (၂၄) ရက်မှ စတင်ကာ (၈) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မ တီထံမှ သိရသည်။

သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့် ၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက် မှ (၁၅) ရက် (ဩဂုတ်လ ၂၄ ရက်မှ ဩဂုတ်လ ၃၁ ရက်) အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပွဲတော်သည် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးဧည့်သည်များ အများဆုံးသွားရောက်ကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

အဆိုပါ ပွဲတော်သို့ နှစ်စဉ် သိန်းနှင့် ချီသော လူပရိသတ်များ လာရောက်လေ့ရှိပြီး ယင်းပွဲတော်တွင် ပါဝင်သောပွဲအစီစဉ်များမှာ ကန်တော့ခံပွဲ၊ညီလာခံပွဲ၊ ချိုးရေတော်သုံးပွဲ၊ နန်းတက်ပွဲ၊ ယုန်ထိုးပွဲ၊ ထိမ်ခုတ်ပွဲ ၊ ပခန်းမင်းပို့ပွဲ နှင့် ရွှေဘုံဆင်းပွဲတို့ပါဝင်ကာ မြန်မာနိုင်ငံအနှံ့အပြားရှိ ကန္နားစီးများ စုပေါင်းပါဝင်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လူဦးရေ သိန်းနှင့်ချီ လာရောက်လေ့ရှိသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှ တောင်ပြုံးပွဲတော်ကို ပြီးခဲ့သည့် ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေမျာကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ပွဲတော်ကျင်းပမှု ရပ်နားခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၄) ရက်မှ (၁၁) ရက်အထိ တောင်ပြုံးပွဲတော်ကို ပြန်လည်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here