ကျိုက်မရောတွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်၍ နေအိမ်များအမိုးလန်ပျက်စီးမှုဖြစ်ပေါ်

0
190

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ယနေ့ သြဂုတ် (၇) ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် နေအိမ်အချို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ်၊ ခရုံဂူကျေးရွာရှိ နေအိမ်အချို့မှာ အမိုးလန်ခြင်း၊ ဘေးအကာများ လွင့်စင်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဓာတ်တိုင်အချို့လည်း ပြိုလဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိ၍ ကျိုက်မရောမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here