သံဖြူဇရပ်မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံမှုရှိစေရန် စစ်ဆေးမှုများပြုလုပ်

0
161

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် လျှပ်စစ်မီးကြောင့် မီးလောင်မှုမဖြစ်စေရေးနှင့်မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် စစ်ဆေးခြင်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သြဂုတ် (၆) ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ. ထ.က (ကျိုက္ခမီ)နှင့် အ.လ.က (သီရိမြိုင်) စသည့် စာသင်ကျောင်းများ၌ လျှပ်စစ်မီးကြောင့် မီးလောင်မှု မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံးရေးအတွက် လျှပ်စစ်မီးသုံးစွဲမှု အခြေအနေ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများ ရှိ/မရှိနှင့် သုံးစွဲရ/မရတို့ကို စစ်ဆေးပြီး ကျောင်းလုံခြုံရေးတာဝန်ရှိသူကို မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးဆောင်ရွက်သင့်သည်များကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ၊ ဒု- မြို့နယ် ပညာရေးမှူး၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here