အရန်ဆန်များကို ဒလ၊ တွံတေးအပါအဝင် အခြားမြို့နယ်များတွင်လည်း နေရာခွဲ၍ ရောင်းချပေးမည်

0
289

အရန်ဆန်များကို ဒလနှင့် တွံတေး အပါအဝင် အခြားမြို့နယ်များတွင်လည်း နေရာခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသ ည်။

ဆန်စပါးအသင်းချုပ်၏ အရန်ဆန်ရောင်းချမည့် အစီအစဉ်နှင့် ပတ်သက်၍ အကြံပြုချက်များ၊ တောင်းဆိုမှုများအရ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒလ၊ တွံ တေး မှော်ဘီနှင့် မင်္ဂလာဒုံစသည့် မြို့နယ်များတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသင်းချုပ်က ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ ရောင်းချရာတွင်လည်း မြို့နယ်အလိုက် နေရာရွေး၍ အရောင်းဆိုင်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ ကားဖြင့်လှည့်လည်၍ ရောင်းချခြင်းများကို စီစဥ်ဆောင် ရွက်နေပြီး မကြာမီတွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထဆန်အိတ်ရေ (၅၀) ကို (နှစ်ပတ်လျှင် တစ်ကြိမ်) စနစ်တကျ စာရင်းပြုစု၍ ရောင်ချပေးသွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ကာ Kpay ဖြင့် ငွေပေးချေပြီး အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။

ဈေးကွက်အတွင်း ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် ယနေ့ သြဂုတ်လ (၇) ရက်တွင် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်တွင် အရန်ဆန်များ စတင်ရောင်းချပေးနေပြီး ဧည့်မထ ဆန်ကဲ့သို့ ဆန်ကြမ်းများအပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများလည်း ပါဝင်ကြောင်း သိရသည်။

ဆန်စပါးအသင်းချုပ်အနေဖြင့် လက်ရှိရောင်းချပေးနေသည့် အရန်ဆန် အိတ်ရေ ငါးသောင်းအပြင် ထပ်မံ၍ ဧည့်မထ ရက်(၉၀) အိတ်ရေ တစ်သိန်းနှင့် ပေါ်ဆန်းမွှေးမျိုးစုံ အိတ်ရေ ခုနှစ်သောင်း စုစုပေါင်း အိတ်ရေ တစ်သိန်းခုနှစ်သောင်းကို သြဂုတ်လအတွင်း ဈေးကွက်အတွင်းသို့ ရောင်းချပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံ၍ ထည့်သွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသ ည်။

ယနေ့ရောင်းချပေးသည့် အရန်ဆန် ဈေးနှုန်း များအနေဖြင့် ဧည့်မထ ဆန်ကြမ်း တစ်အိတ်လျှင် (၆၀၀၀၀) ကျပ် ၊ ရွှေဘိုပေါ်ဆန်း တစ်အိပ်လျင် (၁၂၀၀၀၀) ကျပ် ၊ ဧရာဝတီပေါ်ဆန်း တစ်အိပ်လျှင် (၉၅၀၀၀) ကျပ် ဝန်းကျင်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ပုံစာ – ယနေ့ ဩဂုတ်လ ၇ရက်နေ့တွင် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်များ ရောင်းချနေသည့်မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here