နစက ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်

0
298

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေဆောင်ရွက်သွားကြမည်

သြဂုတ် ၇ ရက်နံနက်ပိုင်းက အရေးပေါ်ကာလ(၆) လသက်တမ်းတိုးပြီးချိန်၌ အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် နစကဥက္ကဋ္ဌတွေ့ဆုံခဲ့သည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည် မှန်းချက်က လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ပဲဖြစ်ပါတယ်၊ ဒါ့ကြောင့် ရွေးကောက်ပွဲတစ်ရပ်အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိစေဖို့ဆောင်ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေး ချမ်းရန်ဆက်လက်ဆောင်ရွက်၍ ရည်မှန်းချက်တာဝန်များအောင်မြင်အောင် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားရမည်ဖြစ်ကာ PDF အဖွဲ့ဝင်များနှင့်အချို့ EAO အဖွဲ့များ၏လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေး ချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်‌ဒေသဖွံဖြိုးတိုး တက်ရေးတို့ ထိခိုက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ကျောင်းနေအရွယ်ကလေးများအားလုံး၏ ပညာသင်ကြားမှုအခွင့်အရေးများလည်း ဆုံးရှုံးလျက်ရှိကာ ဒေသခံပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများလည်းဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာလျက်ရှိခြင်းကြောင့် တိုင်းပြည် ၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများရှိနေသည်ဟု ဆိုသည်။

“ဒါ့ကြောင့် မိမိတို့အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေဆောင်ရွက်သွားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးသဘောတူညီမှုရရှိစေရန် ယခင်ကပင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် NCA အပေါ်အခြေခံ၍ ဆောင်ရွက်လျက်ရှိသော်လည်း အချို့ EAO အဖွဲ့များသည် NCA သဘောတူညီချက်များကိုလိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်မှုများကြောင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ် ရပ်များ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှုနှင့်ဖွံဖြိုးတိုးတက်မှုများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here