“မိုခါ”မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့ ၃ ခုအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်နေ

0
172

“မိုခါ”မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မြောက်ဦးနှင့်ကျောက်တော်မြို့တို့တွင် သြဂုတ် ၆ ရက်မှစတင်၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်ကာ လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာ ပန်းဇင်မြစ်ရေမြင့်တက်လာသဖြင့် သပြေကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်း ၂ ပေခန့်အထိ ရေများဝင်ရောက်လျက်ရှိကာ လမ်းမများပေါ်တွင်လည်း ရေကျော်လျက်ရှိသည်။

ထို့ပြင် မြောက်ဦးမြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းသို့ ၃ ပေခန့်အထိ ရေများဝင်ရောက်လျက်ရှိ၍ လူဦးရေ ၁၂၀၉ ဦးအား ရေဘေးလွတ်ကင်းသည့်နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ပိုးဖြူကျွန်း၊မြက် ရိတ်ကျွန်း၊မြောင်းဘွေနှင့်ဂုံးကျွန်းကျေးရွာများတွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကျောက်တော်မြို့တွင်လည်း မိုးသည်း ထန်စွာရွာသွန်းမှုကြောက့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် ရေဝင်ရောက်သည့်နေအိမ်များ၌နေထိုင်သူများအား ရေဘေးလွတ် ကင်းသည့်နေရာများသို့ ယာယီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

Photo-ပြည်နယ်(ပြန်/ဆက်)


LEAVE A REPLY

Please enter your comment!
Please enter your name here