အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏အခြေခံမူများနှင့်အညီဆောင်ရွက်သွားရန်လိုအပ်ဟု နစက ဥက္ကဋ္ဌတိုက်တွန်း

0
274

နစက ဥက္ကဋ္ဌမှ သြဂုတ် ၈ ရက်(ယနေ့)တွင်ကျရောက်သည့် (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန်တိုက်တွန်းသည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်လည်းတာဝန်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ကို ထပ်လောင်းကတိပြုသည်ဟုလည်း ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံအကောင်အထည်ဖော်ဆောင်မှု၊ဒေသဆိုင်ရာပေါင်းစည်းရေးနှင့်အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သဝဏ်လွှာ၌ ရေးသားပေးပို့ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့်ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်
မကွက်ထမ်းဆောင်လျက်ရှိကာ အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပူး ပေါင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု သဝဏ် လွှာ၌ရေးသားထားသည်။

ထို့ပြင် အာဆီယံပြည်သူပြည်သားများဖြစ်သည့် မိမိတို့အနေဖြင့် အနာဂတ်သာယာလှပစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဟု နစက ဥက္ကဋ္ဌမှ ပြောသည်။

(၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်ရည်မှန်းချက်များပြည့်မီစေရန် ကြိုးပမ်းဆောင်ရွက်မည်ကို ထပ်လောင်းကတိကဝတ်ပြုသည်ဟုလည်း နစက ဥက္ကဋ္ဌပေးပို့သည့် သဝဏ်လွှာ၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here