အလုံတွင် ထမင်းဆိုင်ပေါ်သို့ သစ်ပင်လဲကျမှုကြောင့် အမျိုးသား တစ်ဦးဒဏ်ရာရ

0
155

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ယနေ့ သြဂုတ် (၈) ရက်နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက် (၆) နာရီဝန်းကျင်က ဌာနာရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် ထမင်းဆိုင်ပေါ်သို့ သစ်ပင်လဲကျကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဌာနာရပ်ကွက် အလုံလမ်းမှာဖွင့်ထားတဲ့ ထမင်းဆိုင်အဖီပေါ်ကို သစ်ပင်လဲကျပြီးပိမိသွားတာပါ။ ထမင်းဆိုင်ထဲမှာရှိတဲ့ အမျိုးသားတစ်ယောက် ထိခိုက်မိသွားပါတယ်။ မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ထမင်းဆိုင်ပေါ်သို့ သစ်ပင်လဲကျမှုအား အလုံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူအား သံဝေဂလူမှုကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here