ပြည်ပသွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ရမည်

0
219

တစ်နိုင်ငံလုံး ထာရငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာတွင် ပြည်ပသွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို ထိခိုက်မှု မရှိစေရန် အထူးသတိပြု ဆောင်ရွက်ရေး နစက ဥက္ကဋ္ဌက မှာကြားသည်။

သြဂုတ်လ (၇) ရက် နံနက်ပိုင်းက အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌက မှာကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေး ဒေသဖွံဖြိုးရေးနဲ့ ပတ်သက်ရင် ရှေးရိုးစွဲကျတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ စဥ်းစားဆောင်ရွက်နေလို့မရပါဘူး။ လက်ရှိနိုင်ငံရဲ့ ပကတိအခြေအနေတွေနဲ့ ကိုက်ညီအောင်စဥ်းစားဆောင်ရွက်ရပါမယ်။ အဲဒါအပြင် ပြည်ပကသွေးထိုးလှုံဆော်တာတွေကြောင့် NCA ကို မထိခိုက်စေဖို့လည်း အထူးသတိပြုဆောင်ရွက်ဖို့လိုပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရန် တပ်မတော် အနေဖြင့် NCA ပါ သဘောတူညီချက်များအတိုင်း အလေးထား ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း NCA ပါ သဘောတူညီချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ရှေ့ဆက်၍လည်း သမာသမတ်ကျသည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရန် နစက အဖွဲ့ဝင်များအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်မှ အားသွန်ခွန်စိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here