ရေကြီးနေသဖြင့်ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၄၁ )ကျောင်းအားယာယီပိတ်

0
260

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း၌ သြဂုတ် ၁ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြို့နယ်အတွင်း အနိမ့်ပိုင်းရှိ အခြေခံပညာစာသင်ကျောင်းများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းသား၊ကျောင်းသူများမလိုလားအပ်သည့် ဘေးအန္တရာယ်များမဖြစ်ပေါ်စေရန် ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၄၁)ကျောင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ကော့ကရိတ်မြို့ရှိ အခြေခံပညာကျောင်း(၄) ကျောင်း၊ ကျုံဒိုးမြို့ရှိ အခြေခံပညာကျောင်း(၄) ကျောင်းနှင့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာကျောင်း(၃၃) ကျောင်းတို့အား ယာယီပိတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၏ ပညာသင်ကြားမှုနှောင့်နှေးမှုမရှိစေရန် တာဝန်ရှိသူများကဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ လှိုင်းလွဲ့မြို့နယ်၊လှိုင်းဘွဲ့မြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲ့မြို့မဈေးနှင့်ယာယီပျံကျဈေးတို့အတွင်း ရေဝင်ရောက်နေသဖြင့် တာဝန်ရှိသူများက ဈေးရောင်း/ဈေးဝယ်သူများအဆင်ပြေစေရန် လှိုင်းဘွဲမြို့၊(ခ)ရပ်ကွက်၊ဗိုလ်ချုပ်လမ်း၊စာကြည့်တိုက်ကုန်းသို့ တာဝန်ရှိသူများက ယာယီပြောင်းရွေ့ရောင်းချစေခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here