နောက် (၂၄) နာရီအတွင်း ရွှေကျင်မြစ်ရေနှင့် လေးမြို့မြစ်ရေများ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်

0
237

လာမည့် (၂၄) နာရီအတွင်း ရွှေကျင်မြစ်ရေနှင့် ‌လေးမြို့မြစ်ရေတို့သည် ရွှေကျင်မြို့နှင့် မြောက်ဦးမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ သြဂုတ် (၈) ရက် နံနက်ပိုင်းတွင် ထုတ်ပြန် သတိပေးထားသည်။

လက်ရှိအချိန်တွင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အောက်(၁ ပေခွဲ)ခန့်တွင် ရောက်ရှိနေပြီး နောက် (၂၄) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု မိုးဇလက အသိပေးထားသည်။

ထို့ပြင် လေးမြို့မြစ်ရေသည်လည်း မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်အောက် (၃ ပေခွဲ)ခန့်တွင် ရောက်ရှိနေကာ နောက် (၂၄) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ရွှေကျင်မြို့နယ်နှင့်မြောက်ဦးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here