သြဂုတ်လ ပထမပတ်အတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၄၂၀) ကျော်စေလွှတ်ထားပြီးဖြစ်

0
129

ယခုသြဂုတ်လ ပထမပတ်အတွင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တဆင့် တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား (၄၂၈) ဦး စေလွှတ်ထားပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ စေလွှတ်ထားပြီးဖြစ်သော အလုပ်သမားများတွင် ကုန်ထုတ်လုပ်သားသစ် (၃၇၈) ဦး၊စိုက်ပျိုးရေး‌နှင့်မွေးမြူရေးလုပ်သားသစ် (၅၀) ဦး ပါဝင်သည်။

ထို့ပြင် ယခုနှစ်အတွင်း ကိုရီးယား နိုင်ငံသို့ လုပ်သား စေလွှတ်မူအနေဖြင့် ဇန်နဝါရီလတွင် (၁၉၃)ဦး၊ ဖေဖော်ဝါရီလတွင် (၂၀၀) ဦး၊မတ်လတွင် (၂၅၃) ဦး၊ ဧပြီလတွင် (၁၅၀) ဦး၊ မေလတွင် (၄၃၀) ဦး၊ ဇွန်လတွင် (၉၁၉) ဦးနှင့် ဇူလိုင်လတွင်(၁၀၄၉)ဦး စေလွှတ်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ပြီး လုပ်သားလိုအပ်ချက်များရှိနေသည့်အတွက် ဆက်လက်ခေါ်ယူခန့်ထားမှုများလည်း ရှိနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here