မြဝတီ – ကော့ကရိတ်သွား ဒေါနတောင်တက်လမ်း လမ်း‌ဟောင်းအား ပြန်လည်အသုံးပြုသွားလာနေ

0
574

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် လမ်းပြိုကျသွားခဲ့သဖြင့် ဖြတ်သန်းသွားလာသူများသည် ယခင် ဒေါနတောင်တက် ကားလမ်းအဟောင်းအား ယနေ့ သြဂုတ် (၈) ရက်မှ စတင်ကာ ပြန်လည်အသုံးပြုသွားလာလျက်ရှိကြောင်း သိရသည်။

“အရင်လမ်းဟောင်းဖြစ်တဲ့ ဒေါနတောင်ကားလမ်းကိုပဲပြန်သုံးနေရတာပေါ့။ အဲဒီလမ်းက အရင်က အတက်တစ်ရက်၊ အဆင်းတစ်ရက်သွားရတဲ့ ကားလမ်းပါ။ လမ်းအတော်ကျဥ်းတယ်။ အခုလည်း ကားလေးတွေပဲ သွားလို့ရတယ်။ ကားကြီးတွေကတော့ သွားလို့အဆင်မပြေဘူး”ဟု အဝေးပြေးခရီးသည်တင်ကားမောင်းသူ တစ်ဦးကပြောသည်။

ပြန်လည်အသုံးပြုသွားလာနေသည့် ဒေါနတောင်ကားလမ်းသည် အသုံးပြုခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိသော်လည်း မဖြစ်မနေသွားလာရမည့်သူများမှာ ယင်းလမ်းပိုင်းကို မဖြစ်မနေအသုံးပြုသွားလာရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ လမ်းပြိုကျမှုကြောင့် ပျက်စီးသွားသည့် အာရှလမ်းနေရာအား တာဝန်ရှိသူများက ဖြတ်သန်းသွားလာသူများ အဆင်ပြေစေရေးအတွက် ယာယီဘေလီတံတားထိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဒေါ်နတောငွကျော် လမ်းတစ်ခုဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းတွင်လည်း တောင်ကျရေကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ကာ ဖြတ်သန်းသွားလာရန် အခက်အခဲများ ကြုံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

Photo-Saw OK


LEAVE A REPLY

Please enter your comment!
Please enter your name here