လှောင်ထားသည့်စပါးတန်ချိန် သန်းချီရှိဟုဆို

0
323

အရန်ဆန်အတွက် လှောင်ထားသည့်စပါးများ တန်ချိန်သန်းနှင့်ချီရှိကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဌ ဦးနေလင်းက နိုင်ငံပိုင်မီဒီယာသို့ ဖြေကြားထားသည်။

“ဒီကာလကနွေစပါးကုန်မိုးစပါးမပေါ်မီစပ်ကူးမတ်ကူးကာလဖြစ်တဲ့အတွက်ဆန်ဈေးတက်တတ်ပါတယ်။ဒါကြောင့် သက်သာတဲ့ဈေးနဲ့ ဝယ်လို့ရအောင် အရန်ဆန်တွေ ထုတ်ရောင်းပေးတာပါ။ ပြည်သူတွေကို မစိုးရိမ်နဲ့လို့ပြောချင်တယ်။ ပြည်တွင်းစားသုံးမှုအတွက်က အရန်ဆန် ဖူလုံမှုရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဆန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဆန်စပါး အသင်းချုပ်က အရန်ဆန်များ ထုတ်ရောင်းပေးနေသော်လည်း ပြည်တွင်း ဆန် လက်လီနှင့် လက္ကား ဈေးကွက်ဆန်ဈေးမှာ တစ်ရိပ်ရိပ်မြင့်တက်လျက်ရှိနေကြောင်း ဈေးကွက်အတွင်းရောင်းချနေသည့်ဆန်ဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ၇ ရက်တွင် သက်သာသောနှုန်းထားဖြင့် ဝါးတန်းလမ်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် လိုသလောက်ရောင်းချပေးနေခြင်းဖြစ်သည်။

အကြံပြုချက်များ၊ တောင်းဆိုမှုများအရ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒလ၊ တွံတေး မှော်ဘီနှင့် မင်္ဂလာဒုံစသည့် မြို့နယ်များတွင် နေရာရွေး၍ အရောင်းဆိုင် သတ်မှတ်ဆောင်ရွက်ခြင်း၊ ကားဖြင့်လှည့်လည်၍ ရောင်းချမှုများ စီစဥ်ဆောင်ရွက်နေပြီး မကြာမီ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထဆန်အိတ်ရေ ၅၀ ကို (နှစ်ပတ်လျှင် တစ်ကြိမ်) စနစ်တကျ စာရင်းပြုစု၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင် ဆောင်ရွက်ကာ Kpay  ဖြင့် ငွေပေးချေပြီး အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဥ်ထားကြောင်း သိရသည်။

ပုံစာ – ဩဂုတ်လ ၇ရက်နေ့တွင် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်များ ရောင်းချနေသည့်မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here