ပြင်ဦးလွင်တွင် Express ကားတစ်စီး လမ်းချော်တိမ်းမှောက်၊ ထိခိုက်ဒဏ်ရာရသူမရှိ

0
91

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ညောင်ပေါကျေးရွာအနီးကားလမ်း၏ မှတ်တိုင်အမှတ် ၂၂/၁ တွင် သြဂုတ် ၉ ရက်(ယနေ့)နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က အဝေးပြေးခရီးသည်တင်(Express)ကား လမ်းချော်တိမ်းမှောက်သွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းတို့မှ သိရသည်။

“မိုးရွာနေတဲ့အချိန် လမ်းချော်စလစ်ဖြစ်ပြီးတိမ်းမှောက်သွားတာပါ ကားပေါ်မှာ ကားမောင်းတဲ့လူနဲ့
ယာဥ်နောက်လိုက်ပဲပါလာတာပါ ခရီးသည်မပါပါဘူး ကျွန်တော်တို့ကူညီဖို့ရောက်သွားတဲ့အချိန် ထိခိုက်ဒဏ်ရာရတဲ့လူမရှိခဲ့ပါဘူး ဖြစ်စဥ်အားလုံးရှင်းလင်းပြီးချိန်က မနက် ၈ နာရီမှာပါ”ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း၏တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား ပြင်ဦးလွင်မြို့နယ်(ဗဟိုမီးသတ်သင်တန်းကျောင်း)၊ပြင်ဦးလွင်ခရိုင်မီးသတ်စခန်း၊ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်း၊ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းနှင့်သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here