ရှမ်းရွာသစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပေ(၅၀)ခန့်ရှိ တံ တားတစ်စင်း၏ ချဥ်းကပ်လမ်းနှင့်ကတ္တရာလမ်းပြိုကျ

0
275

ကရင်ပြည်နယ်၊ရှမ်းရွာသစ်မြို့တွင် သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပေ(၅၀)ခန့်ရှိ တံတားတစ်စင်း၏ ချဥ်းကပ်လမ်းနှင့်ကတ္တရာလမ်းပြိုကျသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားရာမှ ရှမ်းရွာသစ်မြို့မှ (၂)မိုင်ခန့်အကွာ ရှမ်းရွာသစ်-လေးဝါးလမ်း၏ မိုင်တိုင်အမှတ် ၂၀/၇ ရှိ ပေ(၅၀)အရှည်တံတား၏ ချဥ်းကပ်လမ်းနှင့်ကတ္တရာလမ်းတို့မှာ အကျယ် ပေ(၂၀)ခန့်ပြိုကျသွားခဲ့ကြောင်း သိရသည်။

“အဲဒီတံတားကို နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်ရန်ပုံငွေနဲ့တည်ဆောက်ခဲ့တာပါ အခု တောင်ကျရေ တိုက်စားပြီး ပေ ၂၀ လောက်ပြိုကျသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျသွားခဲ့သည့်တံတားအား ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here