သုခဒဂုံ အငှားအိမ်ရာသို့ YBS များ ပြေးဆွဲနိုင်ရန် စီစဉ်နေ

0
295

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများ စီးနင်းနိုင်ရန်အတွက် YBS ယာဉ်လိုင်း ပြေးဆွဲပေးနိုင်ရန် စီစဉ်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနက သိရသည်။

အဆိုပါ အငှားအိမ်ရာတည်ရှိသည့် နေရာသည် ရန်ကုန်မြို့တွင်းနှင့် အနည်းငယ်အလှမ်းဝေးသည့်အတွက်‌ နေထိုင်သူများ သွားရေးလာရေး အဆင်ပြေစေရန် ဘတ်စ်ကားလိုင်း စီစဉ်ထားပြီး မကြာခင် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သုခဒဂုံအိမ်ရာဝင်းအတွင်းသို့ YBS ပြေးဆွဲမည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ YBS ယာဉ်လိုင်းပိုင်ရှင်များနှင့် ဆွေးနွေးညှိနှိုင်းနေပြီး သက်ဆိုင်ရာသို့တင်ပြသွားဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကလည်း ပြောသည်။

ထို့ပြင် အိမ်ရာဝင်းထဲ၌ ယာယီဈေး တစ်ခုတည်ဆောက်ရန် စတင်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် စူပါမားကတ် ဖွင့်လှစ်နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံအငှား အိမ်ရာစီမံကိန်းမှာ လက်ရှိတွင် ပထမအဆင့်အဖြစ် အခန်းပေါင်း (၁၁၆၈) ခန်းပြီးစီးနေပြီဖြစ်ပြီး ယခုဩဂုတ်လကုန်တွင် စတင်နေထိုင်နိုင်ပြီဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် ဒီဇင်ဘာလတွင် အခန်းပေါင်း ၈၀၀ ကျော် ထပ်မံပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

လာမည့်၂၀၂၄ ခုနှစ် ဧပြီလတွင် အဆိုပါ သုခဒဂုံအငှား အိမ်ရာစီမံကိန်း အလုံးစုံပြီးစီးမည်ဖြစ်‌ကြောင်း သိရသည်။

Photo-Myanmar Builders Guide


LEAVE A REPLY

Please enter your comment!
Please enter your name here