ဗီယက်နမ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အဝေးပြေးလမ်းမများ ပြိုကျပျက်စီး

0
339

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် တောတောင်ထူထပ်သောနေရာများကို ဖြတ်သန်းဖောက်လုပ်ထားသည့် နိုင်ငံတော် အဝေးပြေးလမ်းမ အများအပြား ရေတိုက်စားပြိုကျခဲ့ကြောင်းသိရသည်။

ယန်ဘိုင် ပြည်နယ်ရှိ မူကန်းချိုင် ခရိုင်ကို ဖြတ်၍ ကီလိုမီတာ ၃၈၀ ကျော် ဖြတ်သန်းဖောက်လုပ်ထားသော အမျိုးသားအဝေးပြေးလမ်းမ အမှတ် ၃၂ တွင် နေရာ ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။ အဆိုပါလမ်းမသည် ဟနွိုင်းမြို့နှင့် ဖူသို၊ ယန်ဘိုင် နှင့် လိုင်ချော ပြည်နယ်တို့ကို ဆက်သွယ်ပေးသည့် အရေးကြီးသောလမ်းကြောင်းဖြစ်သည်။

မကြာသေးမီရက်များအတွင်း မိုးရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် ယန်ဘိုင် ရှိ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည့် မူကန်းချိုင် ခရိုင်ကိုဖြတ်၍ ၉ ကီလိုမီတာအကွာတွင် တောင်များပေါ်မှ ကျောက်တုံးများနှင့် အပျက်အစီးများ စုပုံနေသည်ကို မြင်တွေ့ခဲ့ရသည်။ အခြား ၅ ကီလိုမီတာ အကွာတွင် ပြိုကျနေသော နေရာပေါင်း ၁၀၀ ခန့် ရှိနေသေးသည်။

မြောက်ဘက်ရှိ တောင်တန်းဒေသ ၁၀ ခုကို ဆက်သွယ်သည့် နောက်ထပ် အရေးကြီးသော လမ်းကြောင်းဖြစ်သော အမျိုးသား အဝေးပြေးလမ်းမ အမှတ် ၂၇၉ သည်လည်း ဆွန်လာခရိုင် မွမ်လာခရိုင်ရှိ မီတာ ၃၀၀ အပိုင်းတွင် ပြိုကျပျက်စီးခဲ့သည်။ ထို့ကြောင့် ဆွန်လာခရိုင် ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် လမ်းစီမံခန့်ခွဲရေးအဖွဲ့တို့က သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ကာ ပျက်စီးနေသော အပိုင်းများဆီသို့ မော်တော်ယာဉ်များ မ၀င်ရောက်ရန် ညွှန်ကြားထားသည်။

အမြန်လမ်းမကြီးပေါ်ရှိ ယာဉ်ကြောကျပ်တည်းမှုကို သြဂုတ် ၁၂ ရက်တွင် ပြန်လည်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here