ကန်သမ္မတဂျိုးဘိုင်ဒင် ဗီယက်နမ်သို့မကြာမီသွားမည်ဟုဆို

0
193

အယ်လ်ဘူကာကေ၊ဩဂုတ် ၉

ဗီယက်နမ်နိုင်ငံသည် အမေရိကနှင့် ဆက်ဆံရေးကိုမြှင့်တင်လိုပြီး အဓိကမိတ်ဖက်နိုင်ငံဖြစ်လာရန် ဆန္ဒရှိသောကြောင့် ၎င်းအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ မကြာမီသွားရောက်မည်ဖြစ်ကြောင်း ကန်သမ္မတဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။

အမေရိကသည် တရုတ်၏တစ်စတစ်စအင်အားကြီးမားလာမှုအားတန်ပြန်နိုင်ရန်အတွက် အာရှမိတ်ဖက်များနှင့်စည်းလုံးမှုရရန်ကြိုးပမ်းနေသဖြင့် ဧပြီလကပြုလုပ်ခဲ့သောတွေ့ဆုံမှု၌ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။

“ဗီယက်နမ်အနေနဲ့ တရုတ်နဲ့ရုရှားတို့လိုမျိုးပဲ အမေရိက ကိုလည်း မိတ်ဖက်နိုင်ငံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ချင်နေတာဖြစ်ပါတယ်” ဟု သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည်။

နှစ်နိုင်ငံ၏ ပိုမိုနီးကပ်သောဆက်ဆံရေးတွင် မည်သည့်အရာများပါဝင်နိုင်သည်ကို တာဝန်ရှိသူများကပြောကြားခြင်းမရှိသော်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းနှင့် အမေရိကန် လက်နက်ထောက်ပံ့မှုများပါဝင်နိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here