ရုရှား-ယူကရိန်းပဋိပက္ခကို စစ်ရေးအရ မဖြေရှင်းနိုင်ကြောင်း ယူကရိန်း၏ တန်ပြန်ထိုးစစ်က ပြသနေဟု ဂျာမန်ပါလီမန် အမတ်ဆို

0
229

ယူကရိန်းတပ်များ၏ နွေရာသီ တန်ပြန်ထိုးစစ်သည် ရုရှား-ယူကရိန်းပဋိပက္ခကို လက်နက်ထောက်ပံ့ရုံမျှဖြင့် မဖြေရှင်းနိုင်ဟု ပြသနေကြောင်း ဂျာမနီနိုင်ငံ ဒီမိုကရက်တစ် ဆိုရှယ်လစ်ပါတီတစ်ခုဖြစ်သည် Bundestag for The Left ပါတီဝင် ပါတီဝင်အမတ် Sahra Wagenknecht က ၎င်း၏ Facebook တွင် ရေးသားထားသည်။

ယခု ရက်သတ္တပတ်များစွာကြာသည့် တန်ပြန်ထိုးစစ်သည် နှစ်ဖက်စလုံးတွင် “သေဆုံးသူများနှင့် ပျက်စီးခြင်းများစွာ” မှလွဲ၍ ဘာမှဖြစ်မလာခဲ့ကြောင်း သူက အလေးပေးရေးသားထားသည်။ “အရပ်သားတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုတွေကြောင့် နိုင်ငံတကာဥပဒေက တားမြစ်ထားတဲ့ ကလပ်စတာဗုံးတွေအပါအဝင် လက်နက်ခဲယမ်းမီးကျောက်တွေ ယူရိုငွေ ၇၃ ဘီလီယံကျော်ဖိုး ယူကရိန်းကို မေလကုန်အထိ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားပေမယ့် သေဆုံးသူများစွာနဲ့ ပျက်စီးခြင်းများစွာကလွဲပြီး ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒီပဋိပက္ခကို စစ်ရေးအရ ဖြေရှင်းလို့ မရဘူးဆိုတာ အမေရိကန်နဲ့ ဥရောပက တာဝန်ရှိသူတွေ နောက်ဆုံး သဘောပေါက်တဲ့အထိ နောက်ထပ် လူဘယ်လောက် သေရဦးမှာလဲ” ဟု Wagenknecht ကအလေးပေးပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နွေဦးပေါက်တွင် ယူကရိန်းနှင့် ရုရှားကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ပိတ်ဆို့ထားသည့် အနောက်နိုင်ငံခေါင်းဆောင်များကို ပါလီမန်အမတ် Sahra Wagenknecht က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၎င်းတို့၏ အမှားများမှ သင်ခန်းစာယူရန် တောင်းဆိုခဲ့သည်။ “ယူကရိန်းကို လက်နက်တွေ အတောမသတ်ဘဲ ထောက်ပံ့ပေးမယ့်အစား ဂျာမန်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးပြီး ပါတီတွေကြား အပေးအယူကို အခြေခံတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့ စေ့စပ်ညှိနှိုင်းမှုတွေ စတင်ရာမှာ အဆင်ပြေစေသင့်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် ရုရှားနှင့်ယူကရိန်းအကြားငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန်နေရာဖြစ်စေရန် တောင်းဆိုမှုကို သြဂုတ်လနှောင်းပိုင်းသို့မဟုတ်စက်တင်ဘာလအစောပိုင်းတွင် ဂျာမန်အစိုးရထံပေးပို့တောင်းဆိုမည်ဟု ကမ္ဘာ့ကျော်ကြား ဂျာမန်အားလပ်ရက်အပန်းဖြေနေရာBaden-Baden မြို့၏ မြို့တော်ဝန် Dietmar Spaeth က အစောပိုင်းကပြောကြားခဲ့သေးသည်။ .

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးအဖြေရှာရန် အလားအလာများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို ဆော်ဒီနိုင်ငံ ဂျဒ်ဒါမြို့တွင် သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသည်။ သို့ရာတွင် ယင်း အစည်းအဝေးသို့ ရုရှားကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here