မီးရထားစက်ခေါင်းများပြည်တွင်းဖြစ်ရေး‌
မျှော်မှန်းကြိုးပမ်းရမည်

0
317

သြဂုတ် ၉ ရက်က နေပြည်တော်ရှိ မြန်မာ့မီးရထား၊စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)သို့ နစက ဒု-ဝန်ကြီးချုပ်လည်းဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသွားရောက်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

စက်ခေါင်းများ လက်ရှိသုံးစွဲနိုင်မှု၊အနာဂတ်ရည် မှန်းချက်နှင့်စက်ခေါင်းများထပ်မံလိုအပ်မှုတို့ကို ကြိုတင်မျှော်တွေး၍ စက်ခေါင်းအမျိုးအစား၊အရေအတွက်တို့ကို လက်တွေ့ကျစွာလျာထားတပ်ဆင်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် စက်ရုံကြီး၌ တပ်ဆင်ထားသော စက်ကိရိယာပစ္စည်းများ၊ကျွမ်းကျင်ဝန်ထမ်းများ၏ အတွေ့အကြုံများကိုအသုံးချ၍ နောင်တွင်စက်ခေါင်းသစ်တပ်ဆင်တည်ဆောက်မှုလုပ်ငန်းများကို ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နိုင်အောင် ကြိုးပမ်းရမည်ဟုလည်း မှာကြားသည်။

“ပစ္စည်းလိုအပ်ချက်အပေါ်မှာ ဆက်စပ်ဝန်ကြီး ဌာနတွေ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး ပြည်တွင်းမှာ ထုတ်လုပ်၊ဝယ်ယူရရှိနိုင်အောင်ဆောင်ရွက်ရင် နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေသုံးစွဲရမှုကို ချွေတာနိုင်စေမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံအတွင်းရှိ စက်ခေါင်းသစ်အတွက်လိုအပ်သည့်ကိုယ်ထည်နှင့်ဘီးဘိုဂီ အစိတ်အပိုင်းများ ထုတ်လုပ်နေမှု၊တပ်ဆင်ထုတ်လုပ်ပြီးစီးနေပြီဖြစ်သည့် ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ် DF-1273 နှင့်တပ်ဆင်ထုတ်လုပ်ဆဲ စက်ခေါင်းသစ်နှစ်ခုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here