ခင်ဦးမြို့နယ်၌ PDF အဖွဲ့ဝင်များပြန်ပေးဆွဲထားသည့်သူ ၃၀ ဦးအားကယ်တင်နိုင်ခဲ့

0
189

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်း၌ PDF အဖွဲ့ဝင်များဖမ်းဆီးထားသည့် နိုင်ငံဝန်ထမ်း ၁ ဦးအပါအဝင် ရွာသူ၊ရွာသား ၃၀ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

PDF အဖွဲ့ဝင်များသည် သြဂုတ် ၅ ရက်ညနေ ၄ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေသည့် ဒေသခံ ၂၁ ဦး၊နွား၊သိုး၊ဆိတ်နှင့်လှည်းများအား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေးဖြင့်လာရောက်ရွေးယူရန် ခြိမ်းခြောက်ခဲ့သည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက သြဂုတ် ၉ ရက်နံနက် ၁ နာရီခန့်တွင် PDF အဖွဲ့ဝင်များယာယီအခြေပြုနေထိုင်သည့် ခင်ဦးမြို့နယ်၊ရွာသန်းကျေးရွာအား ဝင်ရောက်စီးနင်းရှာဖွေကယ်ဆယ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဖမ်းဆီးခံထားရသည့် မီးသတ်ဝန်ထမ်း ၁ ဦးနှင့်ရွာသူ၊ရွာသား ၂၉ ဦးတို့အား နေအိမ် ၂ လုံးအတွင်းမှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF အဖွဲ့ဝင်များထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊လက်လုပ်ဗုံးသီး ၄၂ လုံး၊လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊လက်လုပ်သေနတ် ၄ လက် ၊မိုင်းမျိုးစုံ ၁၆ လုံးနှင့်ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here