အာရှလမ်းပိုင်း မြေပြိုမှု ဘေလီတံတားထိုးရန် စီစဉ်နေဟုဆို

0
219

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တောနော်ရေတံခွန် အနီး လမ်းသားပြိုကျခဲ့သည့် နေရာကို ယာယီ ဘေလီတံတားထိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။

အဆိုပါ လမ်းသားပြိုကျသည့်နေရာသည် လမ်းအလျား ပေ ၂၀၀ နှင့် အနက် ၃၅ ပေဝန်းကျင် ရှိပြီး ဘေလီ သံဘောင်နှင့်ယာယီတံတားထိုးရန်စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဘေလီတံတားထိုးရန် စီစဉ်နေသည့် နေရာတွင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာချုပ်များ ပြည်နယ် လမ်းဦးစီးမှ အင်ဂျင်နီယာမှူးကြီးများ အနီးကပ်ပါဝင်ကြီးကြပ်‌နေသည်ဟုဆိုသည်။

အဆိုပါဘေလီတံတားထိုးရန်အချိန်တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၈ ရက် ညနေပိုင်းမှစတင်ကာ မြဝတီ-ကော့ကရိတ် တောင်ပေါ်လမ်းဟောင်းမှတဆင့် မော်တော်ယာဉ်ငယ်များအား စတင်ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

ယင်းအပြင် ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်အတွက် ထိုင်း – မြန်မာ ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းတချို့ပျက်စီးမှု ဖြစ်နေသည့်အတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများကို အခြားသောနယ်စပ်ဂိတ်ပေါက်များမှ ပြောင်းလဲသယ်ဆောင်ခွင့်ပြုထားကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ အသိပေးထုတ်ပြန်ထားသည်။

ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကကိစ္စရပ်တစ်ခုခြင်းအပေါ်မူတည်၍စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်းကိုလည်း ကုန်သွယ်​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here