အာဆီယံနိုင်ငံများနှင့်အီဂျစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေးအတွက်ဆွေးနွေး

0
229

အာဆီယံနိုင်ငံများနှင့်အီဂျစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေးအတွက်ဆွေးနွေးသည့် အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၆၇)ကြိမ်မြောက်အစည်းအဝေးသို့ အီဂျစ်အာရပ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင်ဦးမြင့်လွင်တက်ရောက်ခဲ့သည်။

အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၆၇)ကြိမ်မြောက် အစည်းအဝေးအား သြဂုတ် ၈ ရက်နံနက် ၁၁ နာရီက အီဂျစ်နိုင်ငံ၊ကိုင်ရိုမြို့ရှိ Conrad Cairo Hotel ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် (၂၆၆)ကြိမ်မြောက် ကော်မတီအစည်းအဝေးမှတ်တမ်းကို အတည်ပြုခဲ့ကြပြီး
သြဂုတ် ၈ ရက်တွင်ကျရောက်သည့် (၅၆)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အာဆီယံနိုင်ငံများနှင့်အီဂျစ်နိုင်ငံကြား ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ပညာရေး၊ယဉ်ကျေးမှု၊ခရီးသွားလုပ်ငန်း၊ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးတို့အတွက် ဩဂုတ်လအတွင်း(သို့)သင့်တော်မည့်အချိန်၌ အာဆီယံသံရုံးအကြီးအကဲများနှင့်အီဂျစ်နိုင်ငံခြားရေးဝန်ကြီးတို့ကြား တွေ့ဆုံဆွေးနွေးရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အီဂျစ်နိုင်ငံ၊နိုင်ငံခြားဆက်ဆံရေးကောင်စီ ဥက္ကဋ္ဌနှင့်အာဆီယံသံအမတ်ကြီးများကြား စားပွဲဝိုင်းဆွေးနွေးပွဲကျင်းပရေး၊ ကိုင်ရိုပြင်ပ အာဆီယံ-ကိုင်ရိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ အတွင်း ပြုလုပ်သွားရေးနှင့်အာဆီယံသံရုံးများ ပူးပေါင်းပြီး Joint Reception ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဘရူနိုင်းသံအမတ်ကြီးက အာဆီယံ- ကိုင်ရိုကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားသံအမတ်ကြီးထံ၊ ကမ္ဘောဒီးယား သံအမတ်ကြီးက ဘဏ္ဍာငွေထိန်းသိမ်းရေးဆိုင်ရာ အလှည့်ကျတာဝန်ကို အင်ဒိုနီးရှားသံအမတ်ကြီးတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here