စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးနဲ့ အာရပ်ကလပ် ချန်ပီယံဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်သွားတဲ့ Al Nassr

0
397

Al Nassr အသင်းဟာ အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့ ကလပ်အသင်းသမိုင်းတလျောက် အာရပ်ကလပ် ချန်ပီယံဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်‌သွားပြီလို့ သိရပါတယ်။

မနေ့ညက ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် Al Shorta နဲ့ Al Nassr တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဥ်မှာ ပွဲကစားချိန် ၇၅ မိနစ်မှာပဲ ရရှိလာတဲ့ပင်နယ်တီကို စီရော်နယ်ဒိုက ဂိုးအဖြစ်ပြောင်းလဲပြီး အသင်းကို ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အာရပ်ကလပ်ဖလားပြိုင်ပွဲမှာ ၄ ပွဲဆက် တိုက်ဂိုးသွင်းယူနိုင်ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။

ဖိုင်နယ်ပွဲစဉ်ကို ဩဂုတ်လ (၁၃) ရက်မှာ Al Nassr နဲ့ Al Hilal တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here