နမ့်ခမ်းမြို့နယ်ရှိ ရွာ(၁၄)ရွာ၌ မြေပြို၍(၂)နှစ်ကလေးငယ်တစ်ဦး သေဆုံးကာ (၂)ဦးဒဏ်ရာရ

0
219

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် သြဂုတ် (၉) ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ (၁၄) ရွာတွင် မြေပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခမ်းမြို့နယ်ရှိ မန်ကန်၊ မန်လုံ၊ နမ့်ဟွမ်၊ ကောင်းခေ ၊ ပန်လော၊ ပန်ခါး၊ လွယ်မွန်း၊ ဆိုင်တောင်၊ ဆာလူ၊ မန်အောင်၊ ဖာလင်၊ ကြူဆိုင်း၊ ပန်ဟန်ကြီးနှင့် မန်စပ်ကျေးရွာများ၌ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကလေးတစ်ယောက်မြေပိပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ နောက် သက်လတ်ပိုင်း (၂) ယောက်ဒဏ်ရာရတယ်။ ကျွန်တော်တို့အသင်းက တခြားအရေးပေါ်ကူညီရေးလမ်းကြောင်းထဲကို ရောက်နေတဲ့အတွက် အဲဒီလောက်ပဲသိရပါတယ်။ မိတ်ဖက်အသင်းက ဖြစ်စဥ်ကိုသွားပြီးကူညီပေးခဲ့ပါတယ်”ဟု နမ့်ခမ်းမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ မြေပြိုကျမှုတွင် အချို့ကျေးရွာများ၌ နေအိမ်များပေါ်သို့ ပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဥ်ကြောင့် အသက် (၂)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး မြေပိသေဆုံးခဲ့ကာ (၂) ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းဝင်များက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here