ပလပ်စတစ်အဝတ်ပုံးပေါ်တွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ် (၂) လုံးမီးလောင်ကျွမ်း

0
168

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နွယ်နီကျေးရွာရှိ (၂) ထပ်နေအိမ်တစ်လုံးတွင် သြဂုတ် (၉) ရက်ညပိုင်းက ခြင်ဆေးခွေမှတဆင့် မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၁၁) နာရီ ၄၀ မိနစ်ခန့်က ပုသိမ်ကြီးမြို့နယ်၊နွယ်နီကျေးရွာရှိ (၂) ထပ်နေအိမ်တစ်လုံးတွင် ပလပ်စတစ်အဝတ်ပုံးပေါ်၌ ခြင်ဆေးခွေထွန်းထားရာမှတဆင့် မီးပွားကျကာ နေအိမ်အားမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ပလပ်စတစ် အဝတ်ပုံးပေါ်ကို အောက်ခံခွက်မပါဘဲ မီးထွန်းထားရာကနေ ကူးစက်လောင်ကျွမ်းသွားတာပါ။ သွပ်မိုး၊ ထရံကာ (၂) ထပ်နေအိမ်ကနေ စလောင်တာပါ။ စလောင်တဲ့အိမ်ရယ် နောက်ထပ်အိမ်တစ်လုံးရယ် နေအိမ် ၂ လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည (၁၂) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက တွက်ချက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here