မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဆီမီးဖိုင်နယ်တွင် ချက်အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်

0
200

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် Continental Futsal Championship 2023 ပြိုင်ပွဲဆီမီးဖိုင်နယ်တွင် ချက် အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဖူဆယ်ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၈၄) တွင်ရပ်တည်နေသော မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဆီမီးဖိုင်နယ်တွင် ဖူဆယ်ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၂၁) ရှိ ချက်အသင်းနှင့် ခက်ခဲစွာရင်ဆိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

Continental Futsal Championship 2023 ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ် (၁၁) ရက်တွင်လည်းကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဩဂုတ်(၁၃)ရက်တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ချက်အသင်းနှင့် Continental Futsal Championship 2023 ဆီမီးဖိုင်နယ် ပွဲယှဉ်ပြိုင်ကစားရန်အတွက် ယနေ့နံနက်က လေ့ကျင့်ခန်းများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here