အီကွေဒေါသမ္မတလောင်း မဲဆွယ်စည်းရုံးရေးမိန့်ခွန်းအပြီးတွင် လုပ်ကြံသတ်ဖြတ်ခံရ

0
230

၎င်း၏မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောအပြီးတွင် အမည်မသိသံသယရှိသူအုပ်စုတစ်စုသည် အီကွေဒေါသမ္မတလောင်း Fernando Villavicencio ကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း El Universo နေ့စဉ်သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ အီကွေဒေါနိုင်ငံ သမ္မတ Guillermo Lasso သည် သမ္မတလောင်း Villavicencio သေဆုံးမှုကို အတည်ပြုခဲ့ပြီး နိုင်ငံ၏လုံခြုံရေးကောင်စီအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတစ်ခုပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

El Universo နေ့စဉ်သတင်းထုတ်ပြန်ချက်အရ သမ္မတလောင်း Villavicencio သည် ဦးခေါင်းတွင် သေနတ်သုံးချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော အချက်အလက်များအရ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကို အမည်မသိ သံသယရှိသူ အုပ်စုတစ်စုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင် အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

အီကွေဒေါနိုင်ငံတွင် အစောပိုင်းသမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ဩဂုတ်လ ၂၀ ရက်၌ ပြုလုပ်ရန် စီစဉ်ထားသည်။ စစ်တမ်းများအရ Villavicencio သည် အခြားသမ္မတလောင်းများကြားတွင် အဆင့် ၄ မှ ၅ အဆင့်အထိ ရှိသည်။

၂၀၂၅ ခုနှစ်တွင် သမ္မတသက်တမ်းကုန်ဆုံးမည့် လက်ရှိ အီကွေဒေါသမ္မတ Guillermo Lasso သည် လာမည့်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ချက်ကို အစောပိုင်းကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here