မြောက်ကိုရီးယားဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားကစားသမားများဖိတ်ကြားထားဟုဆို

0
166

ဆိုးလ်၊ဩဂုတ် ၁၀

ပြီးခဲ့သည့်လကပြုလုပ်ခဲ့သော မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနားသို့ ရုရှားနှင့်တရုတ်အရာရှိများတက်ရောက်ပြီးနောက် နိုင်ငံပြန်လည်ဖွင့်လှစ်ရေးအကြိုခြေလှမ်းတစ်ခုအနေဖြင့် နိုင်ငံခြားဂေါက်ရိုက်ကစားသမားများအား မြောက်ကိုရီးယား၏အပျော်တမ်းဂေါက်ရိုက်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။

မြောက်ကိုရီးယားသည် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှစ၍ တင်းကြပ်သောကိုဗစ်ကာကွယ်ရေးစည်းမျဉ်းများဖြင့်နေထိုင်ခဲ့ရသော်လည်း ယခုအခါနယ်စပ်ထိန်းချုပ်မှုနှင့်ပတ်သက်၍ ပိုမိုလိုက်လျောညီထွေဖြစ်လာစေရန်ကြိုးပမ်းနေသည်ဟုလည်း ကျွမ်းကျင်သူများကဆိုသည်။

ပြုံယမ်းသည် နှစ်စဉ်နွေဦးနှင့်ဆောင်းဦးရာသီများ၌ ဝါသနာရှင်များအတွက် အပျော်တမ်းဂေါက်ရိုက်ပြိုင်ပွဲအားပြုလုပ်နေကျဖြစ်သည်။ သို့သော်ယခုနှစ်ပွဲစဉ်များတွင်မှသာ နိုင်ငံခြားမှဂေါက်ရိုက်ဝါသနာရှင်များကိုပါဖိတ်ကြားခြင်းဖြစ်သည်။ပြုံယမ်းမှဝါသနာရှင်များနှင့်ဆက်ဆံရေးတိုးတက်စေရန်ရည်ရွယ်၍ ယခု ကဲ့သို့ ဖိတ်ကြားခြင်း ဖြစ်သည်ဟုလည်းဆိုသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် စာရင်းပေးသွင်းနိုင်ရန် အီးမေးလ်လိပ်စာနှင့်ဖုန်းနံပါတ်ထည့်သွင်းထားသည့် ပို့စ်တစ်ခုကိုပါပူးတွဲကြေငြာခဲ့သော်လည်း မည်သည့်အချိန်၌ ပြိုင်ပွဲပြုလုပ်မည်ကိုမူဖော်ပြထားခြင်းမရှိပေ။

အဆိုပါကြေငြာပို့စ်အား ယခုနှစ်စက်တင်ဘာလ၌ တရုတ်နိုင်ငံဟန်ဂျိုးတွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲအတွက် မြောက်ကိုရီးယားက စာရင်းသွင်းထားကြောင်း ပေကျင်းဘက်က ဇူလိုင်လတွင် အတည်ပြုပြီးနောက်မျှဝေခဲ့ခြင်းလည်းဖြစ်သည်။ 

မြောက်ကိုရီးယားသည် ယခုနှစ်အစောပိုင်းတွင် နိုင်ငံရပ်ခြားအားကစားပွဲတစ်ခုအတွက် စာရင်းသွင်းခဲ့သော်လည်း အားကစားသမားများအားစေလွှတ်ခြင်းမရှိခဲ့ကြောင်းသိရသည်။

Source : The News


LEAVE A REPLY

Please enter your comment!
Please enter your name here