ထိုင်းဘုရင့်သားတော်အမိမြေသို့ပြန်လည်ရောက်ရှိမှုအပေါ်စိတ်ဝင်စားမူမြင့်တက်

0
396

ထိုင်းဘုရင် ရာမ ၁၀ ၏ ဒုတိယသားတော် ဗာချာရတ်ဆွန်_ဝီရချာရာ၀မ် (၄၂ နှစ်) သည် အမေရိကန်တွင် ရှေ့နေအဖြစ်လေ့လာသင်ယူထားသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တနင်္ဂနွေနေ့ ညနက်ပိုင်းက ရောက်ရှိလာသည်။ထိုအကြောင်းရာကို ဘုရင့်အိမ်တော် ဗျူရိုမှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

လူမြင်ကွင်းတွင် ၂၇ နှစ်ကြာဝေး ကွာနေသော သားတော်အနေဖြင့် အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာချိန်တွင် ထီးနန်းဆက်ခံရေးနှင့် နိုင်ငံရေးအပြောင်းအလဲအတွက် သုံးသပ်မှုများထွက်ပေါ်လျှက်ရှိနေသည်။ယခုမှ လူလုံးပြလာရခြင်းအပေါ် နန်းတွင်းရေးများကိုလည်းပို၍စိတ်ဝင်စားလာနေကြသည်။

ရောက်ပြီးနောက် အင်္ဂါနေ့တွင် Slum Child Care ခလေးပြုစုရေး ဖောင်ဒေးရှင်းသို့  သွားရောက်ခဲ့သည်။ ကလေးများနှင့် စကားပြောခြင်း၊မီဒီယာအချို့ကို ပြန်ဖြေခြင်းများလုပ်ခဲ့သည်။

“နိုင်ငံရပ်ခြားမှာ နေစဥ်က ကျွန်တော်တို့ရဲ့ အဖိုးတန်ယဥ်ကျေးမူအမွေတွေ ရှိကြောင်း သိအောင် မြှင့်တင်ရင်းအချိန်ကုန်ခဲ့တယ်။ ဒီတစ်ခေါက် ထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ကမ္ဘာနဲ့အဝှမ်း ဆက်လက်မျှဝေနိုင်ဖို့ ဗဟုသုတတွေ ပိုမိုစုဆောင်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ပြန်လာရလို့လည်းအရမ်းဝမ်းသာပါတယ်”ဟု
Reuters သို့ ပြောကြားခဲ့သည်။

ယနေ့ကြာသပတေးနေ့တွင်တော့ ဘန်ကောက်မြို့ရှိ Promvajirayan ဗုဒ္ဓကျောင်း၌ ဗုဒ္ဓဘာသာသာမဏေ ၁၃၀ အား နေ့ဆွမ်းဆက်ကပ်ခါ၊ ရန်နဝါဘုရားကျောင်းရှိ ရာမ ၃ ဆင်းတုတော်အား ဂါရဝပြုခဲ့သည်။

ယနေ့မွန်းလွဲပိုင်းတွင်တော့ သားတော် ဗာချာရတ်ဆွန်_ဝီရချာရာ၀မ်သည်ဘန်ကောက်မြို့ဟောင်းရှိ Bowornniwet ဘုရားကျောင်း၌ ဗုဒ္ဓ Jinnasi ရုပ်တုအားသွားရောက် ကန်တော့ခဲ့သည်။

ဆယ်စုနှစ် ၃ခုနီးပါး လူထုမြင်ကွင်းမှဝေးနေသော၄င်း၏လှုပ်ရှားမူများကို မီဒီယာများ မျက်ခြေမပြတ်စောင့်ကြည့်ရသည့် အနေအထားဖြစ်လာနေသည်။တချိန်တည်းတွင် ပါတီများပူးပေါင်းအဖွဲ့တွင်လက်တွဲမည့်ပါတီ မတွဲမည့်ပါတီ သတင်းများကလည်းအပြိုင်အဆိုင်တက်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here