အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ယခုနှစ်ရွာစဥ်လှည့်ကာ ရိုးရာအတိုင်း ဒေသစာရီ ကြွမည်

0
250

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ သည် အောက်တိုဘာ (၁၅) ရက်မှ စတင်၍ နိုဝင်ဘာ (၁) ရက်အထိ ရှေးအစဥ်အလာအတိုင်း (၂၁)ဌာနသို့ ဒေသစာရီအပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

“ရွာစဥ်မလှည့်တာ ကိုဗစ်ထဲကဆို​တော့ ၄နှစ်​လောက်ရှိပြီထင်တယ်၊ရွာစဥ်လှည့်ရင် ဆွဲ​လှေ​တွေနဲ့ဖောင်​တော်ကိုဆွဲကြတာ၊ကိုယ့်လှေကိုယ့်တီးဝိုင်းနဲ့ အင်းသီချင်း​တွေ၊ဓမ္မ​တေး​တွေနဲ့​ပျော်စရာကြီး​ပေါ့၊ဆွဲ​လှေ​တွေအတွက် ရွာခံ​တွေကထမင်းထုပ်လှူ၊ဘုန်းကြီး​တွေကိုကျဆွမ်းကပ်​​ပေးကြတယ်၊နယ်စုံကလည်းလာလှူကြတယ်”ဟု မန္တ​လေးမှသွားနေကျအလှူရှင်တစ်ဦးကဆိုသည်။

“ရွာ​တွေ​ရောက်လို့ ​ဖော်​တော်​ပေါ်က​နေ​ကျောင်း​တော်​ပေါ်ပင့်ရင် ရွာမှာရှိတဲ့​ကျောင်းဒကာ၊ဘုရားဒါယကာ၊​ဂေါပက ​တွေပဲ ပင့်ရပါတယ်၊ ရွာ​တွေမှာလည်း ကိုယ့်အဆက်နဲ့ကိုယ် ပြည်မကအလှူရှင်​တွေ ​ရောက်​နေကြ​လေ့ရှိတယ်ဗျ၊လာကြည့်တဲ့သူတွေက​တော့အများကြီး​ပေါ့ဗျာ၊ ဟိုတုန်းက​တော့နိုင်ငံခြားသားတွေပါလာကြည့်ကြတာ​လေ​နော့”ဟု ​ဂေါပကတစ်ဦးက​ပြောသည်။

ပြည်သူများ ကုသိုလ်တရား တိုးပွားစေရန်ရည်သန်၍ ဒေသစာရီအပူဇော်ခံကြွရောက်တော်မူခြင်းဖြစ်ကာ အောက်တိုဘာ (၁၅)ရက်နံနက် (၄) နာရီတွင် ဖောင်တော်ဦးကျောင်းတော်၌ ဒေသစာရီအပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနားဖွင့်လှစ်ပြီးနောက် နံနက်(၇)နာရီတွင် အင်းတိန်ကြေးပေါခုံ ကျောင်းသို့ ကြွရောက်၍ ညကျိန်းအနေဖြင့် အပူဇော်ခံတော်မူမည် ဖြစ်သည်။

အောင်တိုဘာ (၁၆) ရက်နံနက်မှ စတင်ကာ ကြေးပေါခုံကျောင်း- အင်းတိန်စံကျောင်း- ဟဲယားရွာမ စံကျောင်းများသို့ကြွချီကာ ညကျိန်းအနေဖြင့် (၂) ည အပူဇော်ခံမည်ဖြစ်သည်။

အောက်တိုဘာ (၁၈) ရက်နံနက်ပိုင်းတွင် ဟဲယာရွာမစံကျောင်းမှ ငါးဖယ်ချောင်းကျောင်းတွင် ညကျိန်းကာ အောက်တိုဘာ (၁၉) ရက်၌ ငါးဖယ်ချောင်းကျောင်းမှ ထွက်ခွာပြီး ကြေးစာကျောင်းတွင် ညကျိန်း အပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ (၂၀) ရက်တွင် ကြေးစာကျောင်းမှ ပွဲစားကုန်းကျောင်း- လင်းကင်းကျောင်း၊ အောက်တိုဘာ(၂၁)ရက်တွင် လင်းကင်းကျော င်းမှ ညောင်ရွှေမြို့ကျောင်းတော်သို့ကြွချီ၍ (၃) ရက်ညကျိန်းအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၂၄) ရက်၌ ညောင်ရွှေမြို့ကျောင်းတော်မှ နန်းသဲကျောင်း- မိုင်းသောက်ကျောင်း၊ အောက်တိုဘာ (၂၅) ရက်တွင် မိုင်းသောက်ကျောင်းမှ သလဲဦးကျောင်းသို့ ကြွချီကာ ညကျိန်းမည်ဖြစ်ပြီး အောက်တိုဘာ (၂၆) ရက်၌ သလဲဦးကျောင်း-ကေလာကျောင်း- ဇရပ်ကြီးကျောင်းသို့ကြွရောက်၍ ညကျိန်းမည်။

အောက်တိုဘာ(၂၇)ရက်တွင် ဇရပ်ကြီးကျောင်း-အလိုတော်ပေါက် တောင်ကျောင်း- နမ့်ပန်ကျောင်း၊ အောက်တိုဘာ (၂၈) ရက်တွင် နမ့်ပန်ကျောင်း- မကျည်းဆိပ်ကျောင်း -ကျိုက်ခမ်ကျောင်း၊ အောက်တိုဘာ (၂၉) ရက်တွင် ကျိုက်ခမ်ကျောင်းမှ မိုင်းပျိုကျောင်း၌ ညကျိန်းအဖြစ်အ ပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ (၃၀) ရက်တွင် မိုင်းပျိုကျောင်း-နောက်တောကျောင်း၊ အောက်တိုဘာ (၃၁) ရက်၌ နောင်တောကျောင်း- အင်ပေါခုံကျောင်း – ရေသာကျောင်း၊ နိုဝင်ဘာ (၁) ရက်တွင်မူ ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here