ဆားဘီးယားသမ္မတက ရုရှားသမ္မတ ပူတင်နှင့် တရုတ်နိုင်ငံတွင် အောက်တိုဘာလအတွင်း တွေ့ဆုံရန် မျှော်လင့်ဟုဆို

0
265

ဆားဘီးယားသမ္မတ Aleksandar Vucic က ၎င်းသည် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

“နှစ်ကုန်မှာ ကျွန်တော်တို့ရဲ့ အလွန်အရေးကြီးတဲ့ မိတ်ဖက်တွေနဲ့ လေးနက်ပြီး အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ပါတယ်။ အောက်တိုဘာလမှာ တရုတ်နိုင်ငံကို အရေးကြီးတဲ့ အလည်အပတ်ခရီး သွားမယ်။ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဖို့ကိုလည်း မျှော်လင့်ထားပါတယ်” ဟု Aleksandar Vucic က ရုပ်သံမှ ထုတ်လွှင့်ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည့် One Belt One Road ဖိုရမ်ကို တရုတ်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားကြောင်း ပူတင်၏လက်ထောက် Yury Ushakov က ဇူလိုင် ၂၅ ရက်ကတည်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here