(၇) လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၃၉၀) စင်း ဝင်ရောက်

0
232

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လကုန်ထိ (၇) လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၃၉၀) စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

၂၀၂၃ ခုနှစ်၏ ဇန်နဝါရီလတွင် ကုန်သေတ္တာတင်ယာဉ် (၆၀) စင်း ၊ ဖေဖော်ဝါရီလတွင် (၅၅) စင်း၊ မတ်လတွင် (၅၉) စင်း ၊ ဧပြီလတွင် (၄၇) စင်း ၊ မေလတွင် (၆၀) စင်း ၊ ဇွန်လတွင် (၅၉) စင်း၊ ဇူလိုင်လ (၅၀) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခု ဩဂုတ်လအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၅၄) စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ရန် လျာထားဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

Photo-Myanmar Port Authority


LEAVE A REPLY

Please enter your comment!
Please enter your name here