သက်သေခံကတ်ပြား မရှိသေးသည့် မြန်မာသင်္ဘောသားများ ဘရာဇီးလ်ဆိပ်ကမ်းများတွင် ဒဏ်ကြေးပေးဆောင်ရခြင်းမှ ကာလတစ်ခုအထိ ကင်းလွတ်ခွင့်ရရှိရန်ဆွေးနွေး

0
200

မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံမှ သြဂုတ် (၁၀) ရက်နံနက် (၁၁) နာရီက ဘရာဇီးလ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာဌာနအကြီးအကဲ Minister Marcelo Della Nina နှင့်ကောင်စစ်ရေးရာ၊ လူဝင်မှုကြီးကြပ်ရေး၊ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ​ဆွေး​နွေးမူများပြုလုပ်ခဲ့ကြသည်။

ယင်းသို့တွေ့ဆုံစဉ် ဘရာဇီးလ်နိုင်ငံ၊ဆိပ်ကမ်းများသို့ဆိုက်ရောက်လာသည့် သင်္ဘောသား အသိအမှတ်ပြုသက်သေခံကတ်ပြား (Seafarers Identity Document‒SID) ကိုင်ဆောင်ထားခြင်း မရှိသေးသည့် မြန်မာသင်္ဘောသားများ ဒဏ်ကြေးပေးဆောင်နေရခြင်းမှ ကာလတစ်ခုအထိ ကင်းလွတ် ခွင့်ရရှိရေးနှင့် ၎င်းတို့အား လိုအပ်သည့်ကောင်စစ်ရေးရာ အကာအကွယ်များ ပေးအပ်နိုင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လက်ရှိ စတုတ္ထ (၅) နှစ်စီမံကိန်း (၂၀၂၂- ၂၀၂၆) အကောင်အထည်ဖော်ပြီးစီးမှုနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here