ဟာဝိုင်ယီမီးဘေးကြောင့်သေဆုံးသူ ၅၃ ဦးအထိရှိလာ၊ ဆက်လက်မြင့်တက်နိုင်ဟု‌ဆို

0
220

ကာဟူကူ၊ဩဂုတ် ၁၁

ဟာဝိုင်ယီ ကျွန်း၌ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၅၃ ဦးအထိရှိလာပြီဖြစ်ကာ နောက်ထပ်သေဆုံးသူထပ်ရှိလာနိုင်သေးကြောင်း အာဏာပိုင်များကဆိုသည်။ယခုဘေးအန္တရာယ်သည် သဘာဝဘေးအန္တရာယ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသောလူသေမှုဖြစ်ခဲ့သည်ဟုလည်းသိရသည်။

မီးသတ်သမားများသည် ယခုအချိန်အထိ မီးငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး မြို့၏ ၈၀ ရာခိုင်နှုန်းခန့်အဖတ်ဆယ်မရတော့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

လူပေါင်းထောင်ချီအိုးမဲ့အိမ်မဲ့ဖြစ်ကာ မီးဘေးသင့်သူများအတွက် နေရာချထားပေးနိုင်ရန်လည်း လုပ်ဆောင်နေသည်ဟုဆိုသည်။အခြားမြို့များမှပြည်သူများအနေဖြင့် ဟိုတယ်၊တည်းခိုခန်းနှင့်အိမ်အပိုနေရာများတွင် နေရာထိုင်ခင်းအခက်ခဲရှိသူများအားငှားရမ်းနေထိုင်စေခြင်းဖြင့်ကူညီစေလိုကြောင်းပြောကြားခဲ့သည်။

လျင်လျင်မြန်မြန်ကူးစက်လောင်ကျွမ်းနေသောမီးကြောင့် လူပေါင်း ၁၀၀ ခန့်သည် ရေထဲခုန်ချထွက်ပြေးခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာမှ လူပေါင်း ၅၀ ကျော်ကိုပြန်ကယ်နိုင်ခဲ့ကြောင်းသိရသည်။

မြို့ထဲရှိလူထောင်ချီအား ဘေးလွတ်ရာရွှေ့ပြောင်းပေးပြီးသားဖြစ်သော်လည်း ၁၄,၀၀၀ ခန့်ကျန်ရှိနေသေးကာ ထွက်ခွင့်ရရန်လေဆိပ်၌စောင့်ဆိုင်းနေကြရသည်။အလည်လာသူဧည့်သည်များကိုလည်း ထွက်နိုင်သမျှမြန်မြန်ထွက်ကြရန်တိုက်တွန်းထားသည်။

ကနေဒါနိုင်ငံတွင်လည်း တောမီးများစံချိန်တင် ဆက်လက်လောင်ကျွမ်းနေပြီး အမေရိကန် အနောက်တောင်ဘက်တွင် အပူလှိုင်းကြီးဖြတ်ခဲ့သဖြင့် ဟာဝိုင်အီ၌ ယခုနွေရာသီတွင်ပြင်းထန်သော ရာသီဥတုဆိုးရွားမှုဖြစ်ရပ်များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံအသီးသီးတွင် မီးလောင်ခြင်း၊ရေကြီးခြင်း၊မြေပြိုခြင်းစသည့် သဘာဝဘေးများကိုအလူးအလဲခံ‌နေရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here