ကျိုက်မရောမြို့နယ်ရှိ အခြေခံပညာစာသင် ကျောင်း (၁၂) ကျောင်းအား ယာယီပိတ်ထားရ

0
121

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် အခြေခံ ပညာစာသင်ကျောင်း (၁၂) ကျောင်းအား သြဂုတ် (၉) ရက်မှစတင်၍ ယာယီပိတ်ထားရကြောင်း သိရသည်။

“ဒီရက်ထဲမှာ မိုးကဆက်တိုက်သည်းသည်းမည်းမည်းရွာနေတဲ့အတွက် အိမ်တွေထဲလည်း ရေတွေဝင်တယ်။ ယာယီရေဘေးကယ်ဆယ်ရေး စခန်းတွေလည်းဖွင့်ပြီး ကူညီပေးနေရတယ်။ ကျိုက်မရောပညာရေးမှူးရုံးက ကလေးတွေအန္တရာယ် မဖြစ်စေဖို့အတွက် ကျောင်းတွေကိုယာယီပိတ်ထားလိုက်တာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ငပြေမကျေးရွာရှိ အ.ထ.က.ခွဲ ကျောင်း၊ အ.လ.က. မယ်ကရို ကျောင်း၊ အ.ထ.က ခွဲ ကျိုက်မရောကျောင်းတို့အပါအဝင် အခြေခံပညာကျောင်း (၁၂) ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ နေအိမ်များအတွင်း၌လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကာ လမ်းများပေါ်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here