ထိုင်းနိုင်ငံကဖမ်းလည်းတရားမဝင်သွားမြဲ မြန်မာနိုင်ငံသားများ၊ယမန်​နေ့ညက ၁၅ ဦးဖမ်းဆီးခံရ

0
155

ထိုင်းနိုင်ငံ၊နခွန်ပထုန်ခရိုင်တွင် သြဂုတ် ၁၁ ရက်ညပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ကာ ကားအတွင်းကြပ်ညပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ညပိုင်းက နခွန်ပထုန်ခရိုင်၊ဘိုဝါးပတ်ထာအုပ်စု၊အမှတ် ၁၀ ရပ်ကွက်တွင် ကားတစ်စီးပေါ်၌ ကြပ်ညှပ်စွာလိုက်ပါလာသည့် နိုင်ငံခြားသားများတွေ့ရှိရကြောင်း သတင်းအရ နခွန်ပထုန်ခရိုင်မှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

သတင်းရရှိသည့်နေရာ၌ ကားကိုတွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာ ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် ကားအတွင်းကြပ်ညပ်စွာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် ၂၀၀၀၀ စီပေးချေခဲ့ရပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here