သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်ရေးနှင့်ပတ်သက်သည့်သင်တန်းဖွင့်လှစ်မည်

0
192

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Certificate in Digital Marketing and Innovation-CDMI (Batch-I) Free Online Certificate Course ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအား ဩဂုတ်လ၊အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများကို တတ်သိနားလည်အသုံးချနိုင်စေရန်၊ ပြိုင်ဘက်လုပ်ငန်းများထက် သာလွန်သော ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာသဘောတရားများ၊နည်းလမ်းများနှင့်ဆန်းသစ်တီထွင်မှုများကိုသိရှိစေရန်၊ လက်တွေ့ဈေးကွက်ဖော်ဆောင်ရာ၌ ကြုံတွေ့ရမည့် ပြဿနာများကို ဖြေရှင်းရာတွင် နည်းစနစ်ကျစွာတွေးခေါ်တီထွင် ဆန်းသစ်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်စေရန်နှင့်နိုင်ငံတကာအဆင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ နည်းပညာများကိုကျွမ်းကျင်စွာအသုံးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့်
https://forms.gle/FX5QmvXRrJvYcF8U9

Link မှတစ်ဆင့် Google Form ဖြည့်စွက်ကာ သြဂုတ် ၁၆ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here