ပုသိမ်လေယာဉ်ကွင်းအား နိုင်ငံတကာမှလေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်သွားမည်

0
285

ပုသိမ်မြို့အား လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေစေရေး၊ဒေသဖွံဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၁ ရက်ညနေပိုင်းက ပုသိမ်မြို့ရှိ မြို့မိ၊မြို့ဖများအားတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည် နေ့စဉ် ယာဉ်အစီးပေါင်းများစွာ သွားလာလျက်ရှိ၍ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်ပြီး လမ်းများကို အဆင့်မြှင့်တင်ရမည်ဖြစ်ရာ အဆင့်မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

“ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ် နိုင်ငံတကာက လေယာဉ်တွေဆင်းသက်နိုင်တဲ့အထိ ဆောင်ရွက်ပေးနိုင်ဖို့ စီမံနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းသည် ခရီးသွားလာရေးလုပ်ငန်းဆောင်ရွက်ရန် သဘာဝအလှအပများ၊ဒေသထွက်အစားအသောက်များနှင့်အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ပုသိမ်မြို့၏ လူနေမှုစနစ်မြှင့်တင်နိုင်ရေးနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ စနစ်တကျဖြစ်အောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံများကလည်း စည်းကမ်းစနစ်တကျအတိုင်း လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here